ကချင်ပြည်နယ်

မချမ်းဘောမြို့နယ်၌ မဲပေးစက်ထပ်မံရှင်းလင်းပြသခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပရာတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးစက်ထပ်မံရှင်းလင်းပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ဖွင့်လှစ်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကိုယမန်နေ့နံနက်ပိုင်းက  မိုးညှင်းမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

နောင်မွန်းမြို့နယ်၌ ကထိန်အောင်ပွဲနှင့် အနန္တဇိနဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ခန္တီလုံဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်း(ပူတာအို)နှင့် ဝိသာခါအဖွဲ့သားများစုပေါင်းကထိန်အောင်ပွဲနှင့် အနန္တဇိနဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ဇန်နဝါရီလ ၄ ရက်နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၄)ရက် နံနက်(၉)နာရီတွင် အ.ထ.က(၂)ကျောင်း ရတနာခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲအပိုင်း (၂)တွင် ပါဝင်သော မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်း (၂) ဆိုင်းခွဲ၍ လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ အပိုင်း(၂) အဖြစ် ဆက်လက်ကျင်းပမည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်း (၂)ဆိုင်းခွဲ၍ လက်တွေ့စမ်းသပ် ဆန္ဒမဲ ပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဝိုင်းမော်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ မချမ်းဘောမြို့နယ်၊ မိုးကောင်းမြို့နယ်၊ တနိုင်းမြို့နယ်၊ ပူတာအိုမြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘောမြို့၌ ရွေးကောက်ပွဲနှိုးဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မချမ်းဘောမြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။ 

နောင်မွန်းမြို့၌ ၇၈ နှစ်မြောက်လွတ်လပ်ရေး‌နေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်