တနိုင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

တနိုင်း ဧပြီ ၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး တနိုင်းမြို့ပေါ်လမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် ၄ ခု စုစုပေါင်းမဏ္ဍ ၅ ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ​ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဖြစ်ပြီး အဆိုပါမဏ္ဍတစ်လျှော​က် ပြည်သူများ စိတ်အေးချမ်း၍ ပျော်ရွင်စွာရေကစားနိုင်ရန် သင်္ကြန်ကာလအတွင်း တစ်မူထူးခြားပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန် ထပ်ထည့်သွင်းကျင်းပ​မည်ဖြစ်ပြီး၊ ဒြပ်မဲ့မြန်မာ့ရိုးရာယဥ်ကျေးမှု သနပ်ခါးလိမ်းခြယ်ခြင်း၊ ယိမ်းအကအဖွဲ့ (၉) ဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့ (၁) ဖွဲ့ ပါဝင်မည်ဖြစ်ပြီးနေ့အလိုက် ကပြဖျော်ဖြေကျင်းပသွားမည်ဖြစ်ကြောင်း​၊ ဌာနဆိုင်ရာများစုပေါင်း၍ သင်္ကြန်ကာလအတွင်းစတုဒီသာ အစားအသောက်များကိုနေ့စဥ်အလိုက် ပြည်သူများနှင့် ဧည့်သည်များအား ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်ခြင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)