ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ယူချိန်တရုတ်ယဉ်ကျေးမှုကျောင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်းဆွေးနွေး
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအနေဖြင့် ပြည်သူလူထုတွေ့ဆုံရှင်းလင်းပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ရွှေညောင်ရပ်ကွက် အတွင်းရှိ ယူချိန်တရုတ်ယဉ်ကျေးမှုကျောင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။