ကချင်ပြည်နယ်

ခေါင်လန်ဖူးမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးနေပြီဖြစ်

ကချင်​ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ယနေ့ နံနက် (၆) နာရီချိန်မှစ၍ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ လာ​ရောက်ဆန္ဒမဲပေးခဲ့ကြသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ယနေ့နံနက် (၆)နာရီမှစတင်ကာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးကြကြောင်း သိရသည်။

ပူတာအိုခရိုင်၌ မြို့နယ်သုံးခု၌ ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်သုံးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီမှစတင်ကျင်းပရာ ကျမဲဆန္ဒရှင်ပြည်သူများစတင်မဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။

ဟိုပင်မြို့တွင် မဲရုံများ၌ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ကချင်ပြည်နယ်၊  မိုးညှင်းခရိုင် ဟိုပင်မြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် (၆)နာရီမှစတင်၍ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံများဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့သည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့‌ပေါ်ရှိ မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ

ဒီဇင်ဘာအားကစားလလူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလစတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူအများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့နယ်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ရုံးများ၌ ကြိုတင်ဆန္ဒမဲလက်မှက်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများကို လည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ဖွင့်ဖောက်ရေတွက်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၊ မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်