တပ်ကုန်းမြို့၌ ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်းအမျိုးသားဘောလုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီက ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။