နေပြည်တော် ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စာပေဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ နယ်လှည့်စာငှားလုပ်ငန်းများကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
အဆိုပါ နယ်လှည့်စာငှားလုပ်ငန်း ဆောင်ရွက်ပေးရာတွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများက သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီး စုစုပေါင်းစာအုပ် ၉၂ အုပ်ကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)