နေပြည်တော်ကောင်စီနယ်မြေ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ MSME အသင်း၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝါတွင်းဆွမ်းလောင်းလှူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ ဝါတွင်းကာလ ဆွမ်းလောင်းလှူရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် စိန်ပန်းပင်ကျေးရွာ၌ စက်ရေတွင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်ရေစင်ဆောက်လုပ်ပေးနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိန်ပန်းပင်ကျေးရွာ ပြည်သူများ သောက်သုံးရေလွယ်ကူစွာသုံးစွဲနိုင်ရန် စက်ရေတွင်းနှင့် ရေဂါလံ ၂၄၀၀ ဆံ့ အမြင့်ရေစင်တစ်ခုကို ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပေးလျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ချောင်းရေကြီးမှုကြောင့် တံတားအချို့နှင့် အုတ်နံရံများ ပျက်စီးမှု​ဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ပလွေးချောင်းရေမြင့်တက်လာပြီး ကျေးရွာအချို့တွင် တံတားနှင့် အုတ်နံရံများ ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ပုဗ္ဗသီရိမြို့တွင် တာဝန်ရှိသူများမှ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်   ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာနှင့် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က - ၁၄ သို့  သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာတွင် စိုက်ပျိုးရေရရှိရေး ဆိုလာရေတင်စနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကောက်ရိုးမြေဆွေးပြုလုပ်ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၆၆၉)တွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆိုလာရေတင်စနစ်ဖြင့် အကျိုးပြုမည့် စိုက်ဧကများကို ရှင်းလင်းတင်ပြကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်း အခမ်းအနားကို နံနက် (၁၀) နာရီက အဆိုပါကျောင်းရှိ သရဖူစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ