ဥတ္တရသီရိမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ရောဂါများကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိရပ်ကွက် (ချင်းရွာဓမ္မာရုံ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟော‌ပြောပွဲတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာက မိခင်နှင့် ကလေးကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေးအကြောင်းအရာများကိုလည်းကောင်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွန့်ရွှေက ကာလဝမ်းရောဂါအသိပညာ‌ပေး အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်း‌ဟောပြောခဲ့ကြသည်။ 

အဆိုပါဟောပြောပွဲသို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွန့်ရွှေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဥတ္တရသီရိရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၆ဝ ဦးခန့် တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)