ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။