တပ်ကုန်း မတ် ၁၉
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြေခံဂစ်တာတီးပညာရပ်ကို အခြေခံနားလည်တတ်မြောက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂစ်တာပညာရှင်များပူးပေါင်းပြီး နွေရာသီအခြေခံဂစ်တာသင်တန်း (၁/၂၀၂၅)ကို ယမန်နေ့ ညနေ ၄နာရီက စတင်၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အခြေခံဂစ်တာတီးသင်တန်းဖွင့်လှစ်သင်ကြားရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် ဂစ်တာသင်တန်းနည်းပြဆရာ ဦးမြတ်သူရထွန်းက ဂစ်တာကြိုး၊ ဖလက်ကွက်(basic guitar lesson part (1)) စသည့်ပညာရပ်တို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားပြီး၊ သင်တန်းကာလနှင့်သင်တန်းချိန်မှာ မတ် ၁၈ ရက်မှ ၂၉ ရက်နေ့၊ ညနေ ၄ နာရီမှ ၅ နာရီထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်