ပုဗ္ဗသီရိ မတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေး၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ခြင်ပေါက်ဖွားမှုများလျှော့ချနိုင်ရေးအတွက် ရေလှောင်ကန်များအတွင်းအဘိတ်ဆေးခတ်ခြင်းနှင့် ရေဝင်ရောက်နိုင်သည့်နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)