ငါးသိုင်းချောင်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာလ(၈)ရက်၊ နံနက်(၇:၃၀)အချိန်က အဆိုပါမဲရုံတွင် ဆန္ဒမဲပေးခွင့်ရှိသူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ (ရေကြည်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း) ဒေါက်တာလှမြတ်သွေး ဆန္ဒမဲ လာရောက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)