ရပ်စောက်မြို့နယ်တွင် အသက်(၈၀)နှစ် နှင့်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၅၀၇)ဦးအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်မှ(၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား များအား ယမန်နေ့က ထောက်ပံ့ ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။