မင်းလှ(အောက်) နိုဝင်ဘာ ၁၆
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၂) ရပ်ကွက်၊ အ.ထ.ကမင်းလှ (မြို့တွင်း)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍ မဲရုံများလုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင်များ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းလှမြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၁၇)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် (၁၁၇)ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ