မင်းလှ( အောက်) နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၉၂)ဦးနှင့် ဒေသတွင်းကူးစက်ခံရသူ(၂)ဦး နှင့်ထိစပ်ခဲ့သည့်(၂၆)ဦး၏ Swab နမူနာများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနက RDT test kit ဖြင့် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒေသတွင်းကူးစက်ခံရသူ(၂) ဦးနှင့်ထိစပ်ခဲ့သည့်(၂၆) ဦးကို စစ်ဆေးခဲ့ရာ (၈) နှစ်သားကလေးတစ်ဦး အပါအဝင် (၃) ဦးထပ်တိုးတွေ့ရှိခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ Qurantine Centre (၂၁)ခုမှ(၇၃)ဦးနှင့် မင်းလှမြို့နယ် ရဲစခန်းမှ အကျဉ်သားများ(၁၇) ဦးတို့အား RDT test kit ဖြင့် စစ်ဆေးရာ (၂) ဦးထပ်တိုး တွေ့ရှိခဲ့သည်။
အဆိုပါ Positive ထွက်ရှိသည့် လူနာများကို ပြည်သူ့ဆေးရုံသီးခြားဆောင်သို့ ခေါ်ယူ၍ ဆေးကုသမှုပေးသွားမည် ဖြစ်ကြောင်း၊ Negative ထွက်ရှိသောသူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး PCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၈၅) ဦးရှိရာ ဆေးရုံဆင်းခွင့်ရသူ (၁၅၄)ဦးရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)