ကော့သောင်း ၊ နိုဝင်ဘာ ၂၀
ကော့သောင်းခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ပေးသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများအား ကော့သောင်းမြို့နယ်အတွင်း ဘော်လံတီယာလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များသို့ ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးတံတားပေါ်တွင် ပြန်လည်ခွဲဝေပေး အပ်ခဲ့ ကြောင်းသိရသည်။
ပြန်လည်ခွဲဝေပေးအပ်မှုတွင် တာဝန်ရှိသူများကိုယ်စား အဏ္ဏဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီပေးလျက်ရှိသည့် ပရဟိတ အသင်းများမှ တာဝန်ရှိသူမျာထံ သို့ PPEဝတ်စုံများ၊ N-95Mask နှင့် Surgical Mask များ၊ Hand Sanitizer များ၊ Examination Golves နှင့် Surgical Golves များ၊ Goggles မျက်မှန်များအား အညီအမျှ ပြန်လည် ခွဲဝေပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကော့သောင်းမြို့အနေဖြင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အပါအဝင် စေတနာရှင်အလှူရှင်များပံ့ပိုး ကူညီလှူဒါန်းမှုဖြင့် Ambulance မော်တော်ယာဉ်များဖြင့် ရပ်ကွက်အလိုက် ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်းဘော်လံတီယာ ပရဟိတအဖွဲ့ပေါင်း(၈)ဖွဲ့ခန့်ရှိပြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)