ပန်ဆောင် နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် ထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရိတ်သိမ်းခြင်းကို တောင်သူ ဦးလင်(မ်)ဒါး၏ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း၌ စံကွက် ရိတ်သိမ်းရာ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးယုတ္တိနှင့် ဝန်ထမ်း များ၊ တောင်သူများက ပူးပေါင်း ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းရာတွင် ဆင်းဧကရီ-၃ မိုးစပါး တစ်ဧကလျင် ထွက်နှုန်းအစို(၇၈)တင်း၊ အခြားမိုးစပါး ထွက်နှုန်းအစို (၉၁.၂၆) တင်းနှုန်း အသီးသီးထွက်ရှိကြောင်းနှင့် စပါးမျိုးစေ့ထုတ် ရာမှာ ထွက်ရှိလာသော စပါးမျိုးစေ့များအား ပြန်လည်ဖြန့်ဖြိုးနိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပန်ဆောင်မြို့စိုက် ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးယုတ္တိထံမှ သိရသည်။
ဂျာယော်(ပြန်/ဆက်)