ဦးစီးဌာန(ရုံးချုပ်)

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တောခရိုင်ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များအား လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တော ခရိုင် ရုံး မှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ က ပြည့်ညင်ကျေးရွာအုပ်စု၊ ပြည့်ညင်ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးရုံးသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဝေါမြို့၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည် ။

မင်းလှမြို့နယ် လယ်လှကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လယ်လှကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအဖွဲ့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဉီးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ရသေ့တောင်မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးစံအောင်ကျော် ဉီးဆောင်၍ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ် ကျုံဒါးချောင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် အရောက်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဒါးချောင်းကျေးရွာ အုပ်စုတွင် ပန်းခင်းစီမံချက် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်က ကျင်းပခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်၌ ကိုဗစ်-၁၉‌ရောဂါ အသိပေးကြေငြာချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ အသိပေး ကြေငြာချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကြီးအောင်ရပ်ကွက်၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးဈေးကွက်ခိုင်မာမှုကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ ပြည်တွင်းဈေးကွက်ခိုင်မာမှု ကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါးလက်လီလက်ကားပွဲရုံမှ သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)