ဦးစီးဌာန(ရုံးချုပ်)

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ပြုလုပ်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ပညာရေး ဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာ တန်ဆောင်ခန်းမတွင်  ယနေ့နံနက် ၉ နာရီက စတင်ကျင်းပ လျက်ရှိရာ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ငါးသိုင်းချောင်းမြို့အထကကျောင်း၌သတင်းမှား/သတင်းမှန်ခွဲခြားနိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက သတင်းမှား/သတင်းမှန်ခွဲခြားနိုင်ရေးအသိပညာပေး ဟောပြော ပွဲကျင်းပရာ ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်း ယုဝေကသတင်းမှား/သတင်းမှန်ခွဲခြားနိုင်မည့်နည်းလမ်း များနှင့်သတင်းတုမှန်း သိသာစေမည့် နည်းလမ်း(၈)မျိုး အကြောင်းကို အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သံတွဲခရိုင်၊ ဂွမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက သံတွဲခရိုင်၊ ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လေးမျက်နှာမြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကညင်သောင်ကျေးရွာအုပ်စု မြစ်ကျိူးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာခြင်းကို ယမန်နေ့ နေ့လည် ၁၂နာရီမှ စတင်၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက်ဆိုင်များ ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများတွင် ပြုလုပ်ခဲ့သည်။

ပိုင်ကျုံတိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သတ္တမအသုတ်(ဒုတိယ)အကြိမ် ပထမရက်တွင်(၂၈၅)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် တောင်အူချောင်းဖျား ကျေးရွာအုပ်စုတွင် ပြည်သူ(၁၂၂)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်(၈)နာရီက တောင်အူချောင်းဖျားကျေးရွာအုပ်စု ရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)