ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

ဂွ  ဖေဖော်ဝါရီ   ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဂွမြို့ သာသနာ့ဗိမ္မာန်၊ ဆပ်သွား အ.ထ.ကနှင့်  ကျိန္တလီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမများတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ဂွမြို့နယ် အနေဖြင့် ကျောင်းသား/ကျောင်းသူများအား စတုတ္ထအသုတ်  ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၅၅၅) ဦးနှင့် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၇၃၇)ဦး လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်