ရွှေကျင် ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပွဲကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ အစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်၊ စာစောင်များကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသပေးခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသ ရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေမည့် သုတရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များနှင့် သတင်းစာ၊ ဂျာနယ်များအား ခင်းကျင်းပြသခဲ့သည်။
အဆိုပါ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)