မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ ကျောင်းသားဦးရေ ပေါင်း ၅၉၀၀ ကျော်ရှိပြီဖြစ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ကျောင်းသား ဦးရေပေါင်း (၅၉၀၀) ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။