တံတား ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ပြိုင်ပွဲကို ကျင်းပ ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန် မြန်မာ စကားပုံများနှင့် ၎င်းတို့၏ အဓိပ္ပာယ်ကို လေ့လာသိရှိနိုင်စေရန်၊ စာပေကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုစသော အရည် အသွေးကောင်းများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲကို စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူ(၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)