ဦးစီးဌာန(ရုံးချုပ်)

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျှက်ရှိရာ မြောက်ဦးမြို့နယ်အတွင်း စာစစ် ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၃၉၂)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင် စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးကြီးကြပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြီးကြပ်‌ခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ကျောင်းသူ (၁၄၃၉) ဦး ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ  ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၄၃၉) ဦး အေးချမ်းစွာဖြင့် ဖြေဆိုလျက် ရှိကြောင်းသိရသည်။

ချောင်းသာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရ သည်။

ထန်းတပင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၇၇၃)ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲသို့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား၊ ကျောင်းသူ (၇၇၃)ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျုံပျော်မြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား

လူငယ်များ နွေရာသီအားလပ်ရက်တွင် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်‌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဦးဆောင်၍ စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များမှ အရာရှိဇနီးသည်များအား (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂၈) ခြေလျင်တပ်ရင်း ဒေါနခန်းမ၌ ကျင်းပခဲ့သည်။

လဟယ်မြို့တွင် လုပ်ငန်းရှင်ကြီးများနှင့် ငရုတ်သီးထုတ်ကုန်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသစိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော လုပ်ငန်းရှင်ကြီးများနှင့် ငရုတ်သီးနှံထုတ်ကုန်ပြပွဲ အခမ်းအနား ယနေ့နံနက် (၀၉:၃၀)ချိန် ဒေသစိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပါသည်။

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့မှ မုန်တိုင်းအသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် စဉ်ဆက်မပျက်နှိုးဆော်

သာပေါင်းမြို့နယ်  ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က မုန်တိုင်းအသိပေးခြင်းများကို ယမန်နေ့ ည ၆ နာရီအချိန်ခန့်မှ စတင်၍ မုန်တိုင်းသတိပေးချက် များနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်ကြရန် ထုတ်ပြန်ထားချက်များအား အသံချဲ့စက်ဖြင့် လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အာစနီဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီ(၄၅)မိုင်နှုန်းဖြင့် အားကောင်းသော မုန်တိုင်းအခြေ အနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် သစ်ပင်ကြီး များအောက် နေထိုင်သူများသည် သတိပြုနေထိုင်ကြရန်နှင့် ခိုင်ခံ့မှုမရှိသောအမိုးများအား ကြိုတင် ပြင်ဆင်ကြပါရန်နှင့် မြစ်ပြင်တွင် သွားလာနေကြသည့် လှေ၊ သမ္မာန်များနှင့် စက်လှေများ လေမိုး လွတ်ရာသို့ ကြိုတင်ခိုလှုံနေကြပါရန် သတိပေးတိုက်တွန်းနှိုးဆော် အပ်ပါသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)