ပြင်ဦးလွင် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကဆုန်လပြည့်နေ့ သံဃာတော် (၁၀၈) ပါး ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် (၆) နာရီက ရပ်ကွက်ကြီး ( ၁ ) ရှိ ရတနာမာရ်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကဆုန်လပြည့်နေ့ သံဃာတော် ( ၁၀၈ ) ပါး ဆွမ်းလောင်းလှူပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြီးမှူးဉီးဆောင်၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ဆွမ်း၊ ဆွမ်းဟင်း ( ၅ ) မျိုးနှင့် နဝကမ္မဝတ္ထုငွေများကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည် ။
ခရိုင်၊ ပြန်/ဆက်