ဒေးဒရဲမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲ ကျင်းပ

ဒေးဒရဲ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား‌ပြောကြားရာ၌ စီမံကိန်းသီးနှံများ စိုက်ပျိုး ထုတ်လုပ် ရေးရည်မှန်းချက်များအ‌ပေါ်  အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူဦးကြီးများ၏ အခက်အခဲများကို အနီးကပ်ကြီးကြပ်ပြီး ကူညီဖြေရှင်း နိုင်ရန် ရည်ရွယ်၍ ရပ်ကွက်နှင့် ကျေးရွာစိုက်တိုးမြင့်အဖွဲ့များသို့ လယ်ယာကဏ္ဍ စီမံကိန်း သီးနှံများ တာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် ဒေးဒရဲမြို့နယ်အနေဖြင့် နေကြာဧက (၃၀၀)၊ မိုးစပါးဧက (၁၇၄၇၂၂)နှင့် နွေစပါးဧက(၆၉၅၃၁)ဧကဖြင့် စီမံကိန်းသီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး လျာထားပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ရပ်ကွက်၊ ကျေးရွာစိုက်တိုးမြင့်အဖွဲ့များအနေဖြင့် သီးနှံအလိုက်စိုက်ပျိုးထုတ်လုပ်ရမည့် သီးနှံလျာထား ချက်များအား တောင်သူတစ်ဦးချင်းအလိုက် စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သော အခက်အခဲ များကို မြို့နယ်အဖွဲ့သို့ ကြိုတင်ညှိနှိုင်းတင်ပြပေးရန်၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ လာပါက အချိန်နှင့် တပြေးညီ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ထံသို့ တင်ပြရေးနှင့် စီမံကိန်းသီးနှံများ ကျေးရွာအုပ်စုအလိုက်လျာထားစာရင်းများ အပြည့်အဝစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက စိုက်ပျိုး‌‌မြေနှင့်ပတ်သက်၍ စိုက်ဧကကိန်းဂဏာန်းများ မှန်ကန်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးတို့က ရပ်ကွက်၊ ကျေးရွာစိုက် တိုးမြင့် အဖွဲ့များအား စိုက်ပျိုးထုတ်လုပ်ရမည့် စီမံကိန်းသီးနှံများကို အချိန်နှင့်တပြေးညီ ပြည့်မှီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်းသီးနှံ(လျာထား)ဧရိယာများအား တာဝန်များ ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း