ဥတ္တရသီရိ မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈နှစ်ကြား သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျောင်းတိုက်ရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(Sinovac)ကို ယမန်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ငန်းစပ်ကျေးရွာရှိ ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များအား ထိုးနှံပေးခဲ့သည်။