ဦးစီးဌာန(ရုံးချုပ်)

မြောင်းမြတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ်အတွက်ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကိုယနေ့နံနက်(၁၀) နာရီတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရပါသည်။

တနင်္သာရီမြို့၌မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်လှုံ့ဆော်အသိပေးခြင်းများဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်နှင့် စည်းစိမ်များ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ အစဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်လျက်ရှိရာ

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ကျန်းမာပျော်ရွှင်သောအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကိုဇန်နဝါရီလ(၁၉)ရက်နေ့နံနက်(၁၀)နာရီအချိန်ကပြုလုပ်ဆောင်ရွက်ကြသည်။

ငဖဲမြို့နယ်ရုံး (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက် ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခြေခံပညာ ကျောင်းများမှ ကျောင်းနေအရွယ်ကလေးများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က အခြေခံပညာ မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။

မြန်အောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်တွင်၂၀၂၁-၂၀၂၂ခု၊ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့်မြို့နယ် အတွင်းရှိကျေးရွာ(၅)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ် မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် အကျဉ်းသားများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်ရှိ အကျဉ်းသားများအား ယမန်နေ့ မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ‌ အောင်ကိုဦးရေးသား ထားသော "လူငယ်တွေစဉ်းစားဖို့"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲနှင့် အသက်(၄၀)နှစ်အထက် ကလပ်ပေါင်စုံ ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှ တစ်ဆင့် မြန်မာ - တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုချောမွေ့ လျင်မြန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ်ကုန်စည်ပြန်လည် စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်တော်မြို့ရှိ အခြေခံပညာကျောင်း များရှိကျောင်းသား/ ကျောင်းသူများအား ပန်းခင်းစီ မံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က အထက်တန်းကျောင်းသဇင်ခန်းမအတွင်း၌ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)