မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂- ၂၀၂၃ အ​ခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

မော်လမြိုင် ​မေလ ၁၇

မွန်ပြည်နယ်သည် ပညာရေးကဏ္ဍအနေဖြင့် နှစ်စဉ် အခြေခံပညာကျောင်းတွင် အောင်ချက် ကောင်းမွန်သော ပြည်နယ်တစ်ခုဖြစ်ရာ ယခုတွင်လည်း ပညာရေးကောင်းမွန်အောင် မွမ်းမံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၂- ၂၀၂၃ အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား မော်လမြိုင်မြို့၊ အမှတ် (၆)၊ အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ဆရာ၊ ဆရာမအ​နေဖြင့်၊ စည်းကမ်း ကောင်းမွန်ပြီး သင်ကြားရေး စွမ်းရည်မြင့်မားသော ဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်ရာမှာ လိုအပ်မည်ဖြစ်ပါကြောင်း၊ စတင်တိုးတက်လာသည့် ပညာ​ရေးတွင် Knowledge Age ဖြစ်သည့်အတွက် အထူးအ​လေးထား တည်​ဆောက်ကြသည်ကို ​တွေ့မြင်ကြရမည်ဖြစ်ကြာင်း၊ ၂၁ ရာစု ပညာခေတ်တွင် ဆရာ ဆရာများသည် ​နောင်မျိုးဆက်သစ်များကို နိုးကြားတက်ကြွစွာ ဦးဆောင်ကြရမည့်အရေး အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊  ဆရာ၊ ဆရာမများ အနေဖြင့် ၂၁ ရာစု၏ သင်ယူမှု မဏ္ဍိုင်ကြီး (၄)ရပ်ဖြစ်သည့် အသိပညာပွားဖို့ သင်ယူစို့၊ လုပ်ကိုင်တတ်ဖို့ သင်ယူရန်၊ အစွမ်းကုန်ဖွံ့ဖြိုးဖို့သင်ယူရန်၊ ကမ္ဘာသားအဖြစ်နှင့် အတူနေဖို့သင်ယူရန် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအနေနှင့် သိရှိစောင့်ထိန်းရမည့် ကျင့်ဝတ်များဖြစ်သည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊ တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်း စတဲ့ ကျင့်ဝတ်များ၊ စည်းကမ်းများကို အပြည့်အဝလိုက်နာ၍ ဝန်ထမ်းကောင်း‌သောဘဝ ခံယူကြရန် လိုကြောင်း ပြောကြားခဲ့ပါသည်။

အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က အ​ခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းတက်​ရောက်သည့် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး ​တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပညာကဏ္ဏာဟာ လွန်စွာ​အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်သလို ကျောင်းသား/သူများအနေနဲ့ ယင်းတို့မှာရှိတဲ့ ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝအသုံးချပြီး စဉ်ဆက်မပြတ် သင်ယူလိုစိတ်ဖြင့် လေ့လာသင်ယူတဲ့ စနစ်ကောင်းတွေကို ဆရာ၊ ဆရာမများ အနေဖြင့် တည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် ပညာရေးစနစ်ဖြစ်ပြီး သင်ယူခြင်းအတွက် သင်ယူခြင်း (Learn To Learn) ဟာဆိုရင် အကြောင်းအရာကို လေးနက်စွာ ဆန်းစစ်ပြီး လက်တွေ့နှင့် ဆက်စပ်သင်ယူခြင်း (Deep Learning) စနစ်ပဲဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်