တံတားဦးနယ် ရှေးဟောင်းသုတေသနပြတိုက် အင်းဝ-ပန်းယျဌာနစိတ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်
ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စု၊ ပြတိုက်ကွက်သစ်ရပ် ရှေးဟောင်းသုတေသနပြတိုက် အင်းဝ-ပန်းယျဌာနစိတ်တွင် ယနေ့နံနက် (၁၀)နာရီက လက်တွေမီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။