အင်္ဂပူမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သော ကြက်ဥများဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

အင်္ဂပူ ဒီဇင်ဘာ ၂၄

အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့ မြန်မာ့စီပွားရေးဘဏ်၌ ပင်စင်ထုတ်ယူသည့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သောကြက်ဥများ ဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေး‌ခဲ့ကြောင်းသိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လာရောက်ထုတ်ယူရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သောကြက်ဥများကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

ထို့‌နောက် အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ယူရာတွင် သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးခြင်းတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)