ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ထား၀ယ်  ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ် မေသန္တာအောင်က ကျောင်းသား/ သူများအ‌နေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကို သိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာရန် ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းနှင့် လွတ်လပ်ရေးကို အလေးထားချစ်မြတ်နိုးတန်ဖိုးထားတတ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့်မိန့်ခွန်းကောက်နှုတ်ချက်များ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဆောင်ရွက်ချက်မှတ်တမ်းများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်လတ်