ဝိတိုရိယတောင်တက်လမ်းအသစ် ရှာဖွေပြီးစီးသဖြင့် DMO အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အတူ ဘတ်ဂျက် တင်ပြတောင်းခံခြင်းများ ပြုလုပ်သွားမည်
ချင်းပြည်နယ်အတွင်း အထင်ကရနေရာတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ၏ စိတ်ဝင် စားမှု အပြည့်အဝရရှိထားသည့် ဝိတိုရိယတောင်(နတ်မတောင်) တောင်တက်လမ်းအသစ် ထပ်မံရှာဖွေ ပြီးစီးခဲ့ပြီးနောက် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (DMO) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အတူ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဘတ်ဂျက်တောင်းခံခြင်းများ ပြုလုပ်သွားမည်ဟု ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် DMO အစည်းအဝေး အရ သိရပါသည်။