ဘောလခဲခရိုင်တွင်း နယ်စပ်ဒေသဖွံဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဒေသဖွံဖြိုးရေး လုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ဘောလခဲ နိုဝင်ဘာ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေးအတွက်  အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန် စေရန် ဘောလခဲမြို့နယ်တွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ်(၂၁၅.၇၇၈)သန်းဖြင့် စွပ်ပိုင်-ဟွေအော-ဟွေအွန်-ဟွေပုံလောင်း ကျေးရွာ ချင်းဆက် မြေလမ်းအကျယ်ချဲ့ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်ဖွံဖြိုးမှု ကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ ဆောင်ရွက်ခဲ့ပါသည်။

စွပ်ပိုင်--ဟွေအော-ဟွေအွန်-ဟွေပုံလောင်းလမ်းသည် အရှည်(၂၄)မိုင်ရှိပြီး၂၀၁၅-၂၀၁၆ဘဏ္ဍာရေး နှစ်တွင် မြေလမ်း()မိုင်()ဖာလုံဖောက်လုပ်ခြင်း၊ ကျောက်လမ်း()ဖာလုံ၊ မြေသားလမ်းမြှင့်တင်ခြင်း ()မိုင်၊၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ဘေလီတံတား ၅၀ပေနှစ်စင်း၊၈၀ပေတစ်စင်း၊ ၁၅ပေကွန်ကရစ် တံတားတစ်စင်း ၃၀ပေလေးစင်း၊ ၄၀ပေတစ်စင်းနှင့်Box Culvert()ခုကို ဆောင်ရွက်ပြီးစီးခဲ့ရာ ယခုဘဏ္ဍာနှစ်၌ မြေသားလမ်းချဲ့ခြင်း()မိုင်၊ ကျောက်တောင်မိုင်းခွဲခြင်း ()ဖာလုံနှင့်မြေထိန်းနံရံ (၃၀၀) ပေ တည်ဆောက်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ စွပ်ပိုင်-ဟွေအော-ဟွေအွန်-ဟွေပုံလောင်းကျေးရွာချင်းဆက်လမ်းမှာ ကယားပြည်နယ်၊ ရှားတော၊ မယ်စဲ့မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပြီး ကိုဗစ်ရောဂါကင်းစင်သွားပါကထိုင်းနိုင်ငံနယ်စပ်BP-10 မှ ကျော်လွန်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့သို့သွားလာနိုင်သဖြင့် ခရီးသွားလုပ်ငန်းနှင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရှိရသည်။

ဘောလခဲခရိုင်ပြန်/ဆက်