ကာမိုင်းမြို့၌ လူစည်ကားရာနေရာများတွင် သွားလာနေကြသည့် ပြည်သူများအား Surgical Mask များ အခမဲ့ဝေငှ

ကာမိုင်း  နိုဝင်ဘာ  ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာဈေးနှင့် လမ်းစုံလမ်းခွ နေရာများတွင် ဈေးရောင်း၊ ဈေးဝယ်ကြသည့် ပြည်သူများနှင့် ခရီးသွားပြည်သူများအား  Surgical Mask များကို ယနေ့ နံနက် နာရီက အခမဲ့ဝေငှပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် လူစည်ကားရာနေရာများဖြစ်သည့် မြို့စည်ပင်သာယာ စျေးရှေ့၌ စျေးရောင်း စျေးဝယ်ကြသည့် ပြည်သူများ၊ လမ်းစုံလမ်းခွနေရာများနှင့် ကောင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လမ်းသွားလမ်းလာကြသည့် ပြည်သူများအား ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် ဦးဆောင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ၊ သုဂတိမဂ္ဂ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များပူးပေါင်းပြီး Surgical Mask (၁၀၀၀)ခုအား အခမဲ့ဝေငှ ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)