ထန်တလန် နိုဝင်ဘာ ၂၅
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း အဖွဲ့က ယနေ့နံနက် ၉ နာရီက နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းဆုံနှင့် မြို့နယ် စည်ပင်သာယာရေး၊ မြို့မစျေး ရှေ့နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ ထွက်ခွာကြသူများနှင့် စျေးရောင်း/စျေးဝယ် ပြုလုပ်ကြသည့် ပြည်သူများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာစေရေး အသိပေး နှိုးဆော်ချက်များနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)