ရေဇွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသုံပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား လိုင်လင်းပီအခြေစိုက် (Health and Hope Myanmar) အဖွဲ့မှ လာရောက်လှူဒါန်း

ရေဇွာ  နိုဝင်ဘာ ၂၅

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသုံးပြုနိုင်ရန်အတွက် Dr.Sa Sa ဦးဆောင်သော (Health and Hope Myanmar) အဖွဲ့မှ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း အမျိုးအစား(၇)မျိုးကို ရေဇွာမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ နိုဝင်ဘာလ(၁၅)ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ အဆိုပါပစ္စည်းများကို မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ယမန်နေ့က ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြု ပစ္စည်းများဖြစ်သော (၁)ရေပုံး(၂)ပုံး၊ (၂)Basin(၂)ခု၊ (၃)Thermometer(၂)ခု၊ (၄)HandGel(၂)ပူး၊ (၅)Sound Speaker(၂)ခု၊ (၆)Note Books(၂)အုပ်၊ (၇)Pans(၂)ချောင်းကို လိုင်လင်းပီအခြေစိုက် (Health and Hope Myanmar)အဖွဲ့မှ ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက် လှူဒါန်း ပေးခဲ့တာ ဖြစ်ကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)