ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား(၂)ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက်(၂၅)နှစ်နှင့် အသက်(၁၉)နှစ် ကျား(၂)ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။