ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား(၂)ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါး  အောက်တိုဘာ ၁၄

ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက်(၂၅)နှစ်နှင့် အသက်(၁၉)နှစ် ကျား()ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား()ဦး စုစုပေါင်း()ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

Facility Quarantine ဝင်ရောက်နေသူ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ()ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့မှ ၁၁.၁၀.၂၀၂၀ ရက်နေ့တွင် စင်းလုံးဌားယာဉ်ဖြင့် ဟားခါးမြို့သို့ ထွက်ခွာလာပြီး ၁၂.၁၀.၂၀၂၀ ရက်နေ့တွင် ဟားခါးမြို့အဝင် ဂန့်ဂေါလမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်သို့ရောက်ရှိလာပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၌ Facility Quarantine ဝင်ရောက်ခဲ့ကြောင်း၊ Facility Quarantineတွင် ဝင်ရောက်နေစဉ်အတွင်း အနံ့မရရှိကြောင်း သတင်းပေးပို့ချက်အရ Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာ Positive အဖြေရရှိသဖြင့် ၁၃.၁၀.၂၀၂၀ ရက်နေ့တွင် ဟားခါးပြည်သူ့ဆေးရုံကြီး၌ ပြောင်းရွေ့ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၄င်းတို့နှင့်ထိတွေ့သူ အသက်(၆၆)နှစ် အမျိုးသမီးတစ်ဦးကို  ၁၃.၁၀.၂၀၂၀ ရက်နေ့တွင် Swab နမူနာစစ်ဆေးခဲ့ရာ Negative အဖြေရရှိသဖြင့် Home Quarantine သီးသန့်အခန်း (၁၄)ရက်ဆက်လက်ထားရှိ သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ထို့နောက် ဟားခါးမြို့ ဂန့်ဂေါလမ်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ကိုဗစ်−၁၉ရောဂါ ရှိ/မရှိကို Rapid Test Kitဖြင့် .၁၀.၂၀၂၀ ရက်နေ့မှစတင် စစ်ဆေးခဲ့ရာ ၁၃.၁၀.၂၀၂၀ရက်နေ့တွင် ပခုက္ကူမြို့မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား()ဦးတွင် ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသဖြင့် ဟားခါးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံ ယူလျက်ရှိကြောင်း  ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

ဟားခါးမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း Facility Quarantineတွင် ဝင်ရောက်ခဲ့ပြီး ၁၀.၁၀.၂၀၂၀ရက်နေ့တွင် ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသည့် အမျိုးသမီး()ဦးအပါအဝင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ ကျား()ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား()ဦးကို ၁၃.၁၀.၂၀၂၀ ရက်နေ့တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသည့် ကျား()ဦး စုစုပေါင်း ဟားခါးမြို့၌ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ ()ဦးရှိကြောင်းနှင့် အဆိုပါ()ဦးကို ဟားခါးပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း  ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)