အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်း Mask များ နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း (Hygiene Kits)များ ထောက်ပံ့

ဟားခါး  အောက်တိုဘာ ၁၄

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဟားခါးမြို့ Facility Quarantine Centers များသို့ ယမန်နေ့က နှာခေါင်းစည်း Maskများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း(Hygiene Kits)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးရာတွင် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် ဝန်ထမ်းများက ဟားခါးမြို့ပေါ်ရှိ Facility Quarantine Centers ()ခုတွင် Facility Quarantine ဝင်ရောက်နေသည့် လူဦးရေအပေါ်မူတည်၍ နှာခေါင်းစည်းMask စုစုပေါင်း(၇၀၀)နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း (Hygiene Kits) (၇၀)ကို Facility Quarantine ဝင်ရောက်နေသည့် လူဦးရေအပေါ်မူတည်၍ အခမဲ့ခွဲဝေ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦး​​ခမ်းလင်းနှင့် ဝန်ထမ်းများက ဟားခါးမြို့တွင် အောက်တိုဘာလ ၁၁ရက်နေ့ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်သည့် အိမ်ဌားအိမ်ထောင်စု()စုကို အိမ်ဆောက်ပစ္စည်းအတွက် ငွေကျပ်()သိန်း၊ ဆန်အတွက်ငွေကျပ်(၁၀၅၀၀)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)များကို ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)