ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် စားသောက်ဆိုင်များ စည်းကမ်းလိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

လောက်ကိုင်     အောက်တိုဘာ         ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယမန်နေ့ နေ့လည် (၁)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသောက်ဆိုင်များ စည်းကမ်းလိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့ပေါ်ရပ်ကွက်များသို့သွား ရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။


ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဆိုင်တွင်ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြစ်သာ ရောင်းချရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိဘဲ ဖွင့်လှစ် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များအား (၃) ကြိမ် ထိခေါ်ယူသတိပေးသွားမည် ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိသော စားသောက်ဆိုင်များအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နေရာများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 နန်းခွာညိုနှင်း
( ပြန်/ဆက် )