တာလေမြို့တွင်း ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေးထောက်ခံချက် မပါ ပါက Rapid Test Kit ဖြင့် စစ်ဆေး


တာလေ     အောက်တိုဘာ     ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်း ဝင်ရောက်လာမည့် အခြားဒေသများမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကျန်းမာရေးထောက်ခံချက် မပါ  ပါက Rapid Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့ဝင်တိုးဂိတ်တွင် ဖွင့်လှစ်ထားသော Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်စစ်ဆေးရေးဂိတ်၌ မြို့တွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် အခြားဒေသများမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် Covid-19 ရောဂါ ကင်းရှင်းကြောင်း သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးထောက်ခံချက် မပါ  ပါက Rapid Test Kit ဖြင့် စစ်ဆေးပြီး ရောဂါပိုးကင်းရှင်းမှသာလျှင် တာလေမြို့အတွင်း ဝင်ရောက်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း၊ အခြားနေရပ်ဒေသများမှ ခရီးသွား မိဘပြည်သူများအနေဖြင့် မည်သူမဆို ခရီးသွား လာရ မည့်ကိစ္စရပ်များရှိပါက သက်ဆိုင်ရာထောက်ခံချက်များ ယူဆောင်လာကြရန်နှင့် လူတိုင်း Mask တပ်ဆင်သွားလာရန်၊ Mask မတပ်ဆင်သူများအား (၂၀၀) ကျပ် ဒဏ်ရိုက်ပြီး ယခုဝယ် ယခုတပ် အလေ့အကျင့်ဖြစ်စေရေး တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်မိုး ( ပြန်/ဆက်)