ချင်းရွှေဟော်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရရှိစေရေး ကွင်းဆင်းစစ်ဆေး


ချင်းရွှေဟော်   အောက်တိုဘာ   ၁၃


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက်  မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရရှိစေရေး ကွင်းဆင်းစစ်ဆေးမှုကို  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့  အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဉီးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က  ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်သို့ အိမ်တိုင်ရာရောက် သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရရှိစေရေးအတွက် မဲစာရင်းများစစ်ဆေးခြင်းနှင့်  မဲပေးမည့် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ကြပြီး  အချက်အလက်များ မှားယွင်းနေပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေ:မှူးရုံးများတွင်  နံနက်(၉)နာရီမှ ညနေ(၄)နာရီ အချိန် အတွင်း  သတ်မှတ်ပုံစံများဖြင့် အောက်တိုဘာလ(၁၄)ရက်နေ့ အထိ လာရောက်ပြင်ဆင် လျှောက်ထားနိုင်ပါကြောင်း သိရသည်။


ချင်းရွှေဟော်မြို့တွင် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားပြီး ယနေ့အထိ ထုတ်ပြန်ကြေညာချက်များအရ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမှတ်-၁ ရပ်ကွက်တွင်(၄၄၁)ဉီး၊  အမှတ်-၂ ရပ်ကွက် တွင်(၈၅၃)ဉီး၊ အမှတ်-၃ ရပ်ကွက်တွင်(၆၇၁)ဉီးတို့ ရှိပြီး စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၉၆၅)ဉီးရှိကြောင်းနှင့် ချင်းရွှေဟော် မြို့တွင် လျာထားသည့် မဲရုံပေါင်း(၃)ရုံ ရှိကြောင်း သိရှိရသည်။


ဇင်ဇင်(ပြန်/ဆက်)