နတ်မောက်မြို့၌ တစ်နိုင်တစ်ပိုင်မြေပဲဆီနှင့် နှမ်းဆီကြိတ်ခွဲခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲနှင့်နေကြာများကို ဒေသခံတောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည့်အလျှောက် အဆိုပါဆီထွက်သီးနှံများကို ကြိတ်ခွဲပေးလျက်ရှိရာ တစ်နိုင်တစ်ပိုင်ဆီကြိတ်လုပ်ငန်းများဝင်ငွေကောင်း၍ မိသားစုလုပ်ငန်းအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။