အိမ်မဲ ဇွန် ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကညင်ကွင်းကျေးရွာအုပ်စု၊ ဝါးရုံစုကျေးရွာ၌ ၂၀၂၆-၂ဝ၂၇ ခု၊ ဘဏ္ဍာရေးနှစ် ရက် ၁ဝဝ စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိသောကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါလုပ်ငန်းများကိုအိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က ကွင်းဆင်းစစ်ဆေးပြီးကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကျေးလက်နေ ပြည်သူများ ကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီးကဏ္ဍအလိုက်ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျစုပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်သဖြင့် တန်ဖိုးထားရန်၊ စနစ်တကျအကျိုးရှိစွာ အသုံးပြုရန်နှင့် ရေရှည်ပြုပြင်ထိန်းသိမ်းခြင်းများအား ဆောင်ရွက်ရန်မှာကြား ခဲ့ကြောင်းသိရသည်။
ကွန်ကရစ်လမ်း၏ အရှည်မှာ (၄၅၀)ပေ၊ ၊လမ်းအကျယ် (၈)ပေ၊ထု (၆)လက်မရှိပြီး၊ ပြီးစီးမှုမှာ (၁၀၀) ရာခိုင်နှုန်းရှိကြောင်းနှင့်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးလက်နေ အိမ်ထောင်စု (၁၄၂)စု၊ လူဦးရေ (၅၈၉)ဦးတို့အတွက် အကျိုးပြုမည့် လမ်းဖြစ်ပြီးသွားလာရလွယ်ကူလာနိုင်မည်ကြောင်းသိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)