ဖျာပုံ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ် စဥ် (၄/၂၀၂၆)အား ဖွင့်လှစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြိ့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးကျော်သူလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်တွင်းမှစက် သုံးဆီဆိုင်များရှိသီးသန့် တပ်ဖွဲ့ သင်တန်းသားများနှင့် ဟိုတယ်၊မိုတယ်၊တည်းခိုရိပ်သာ လုပ်ငန်းမှသီးသန့်သင်တန်းသားများတက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူလင်းကအမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် အား ရှင်းလင်းပြောကြားကြ သည်။အဆိုပါသင်တန်းတွင် နည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ပညာရပ်များ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်း ရှိစက်သုံးဆီဆိုင်များမှသင်တန်းသား ၃၆ ဦး၊ ဟိုတယ်၊မိုတည်၊ တည်းခိုရိပ်သာများမှ သင်တန်းသား ၁၄ ဦး၊ စုစုပေါင်း ၅၀ ဦးတက်ရောက်ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)