မန္တလေးခရိုင်မီးသတ်ဦးစီးမှူးရုံး၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်လှစ်

ချမ်းအေးသာစံ ဇွန် ၁၅

မန္တလေးခရိုင်မီးသတ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက အမှာစကား ပြောကြားခဲ့ပြီး သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ အဆိုပါ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းကာလကို ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၀ ရက်အထိ မီးသတ်ပညာရပ်များ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချလက်တွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)