ပဲခူး ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ” ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ခရိုင်မှ မသွင်မှူးဇင်အောင် ၊ Grade-11၊ အထက(အောင်ဆန်း)၊ သာယာဝတီခရိုင်မှ မခင်ဆင့်ဆင့်သာ၊ Grade-11၊ အထက(လက်ပံတန်း)၊ ညောင်လေးပင်ခရိုင်မှ မအေးမြတ်သူ၊ Grade-12 ၊ အထက (မဒေါက်)နှင့် ပဲခူးခရိုင်မှ မဆုရွှေရည်ထွန်း ၊ Grade-11(အထက-၃)၊တို့မှ ကျောင်းသူလေးများက တိုင်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့် အဖွဲ့ဝင်များက အကဲဖြတ်စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ဆရာ၊ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲအား လာရောက်ကြည့်ရှု့အားပေးကြသည့် ကျောင်းသား/ သူများအား အအေးနှင့်မုန့်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)