ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းများ ဖွင့်လှစ်မည်
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူ/ကျောင်းသား လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကလေးငယ်များ အသိပညာ ဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီနှင့် အင်္ဂလိပ်စာ Grammar သင်တန်း(အခမဲ့)များကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။