မဟာအောင်မြေ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ Placement Test (အထူးအစဉ်)အဖြစ်စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ အ.ထ.က(၁၃)ကျောင်းတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
စာမေးပွဲဖြေဆိုရာသို့ ခရိုင်ပညာရေးမှူး ဒေါ်ခင်လေးဖြူ၊ မြို့နယ်ပညားရေးမှူး ဒေါ်စိုးစိုးတို့မှ အနီးကပ်ကြီးကြပ်၍ စာမေးပွဲကြီးကြပ်ရေးမှူးတစ်ဦးနှင့် ဆရာ၊ဆရာမများက လာရောက်ဖြေဆိုကြသော ကျောင်းသား၊သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ Grade-1 မှ Grade-8 အထိ စာရင်းရှိ (၃၆၇)ဦး၊ ဝင်ရောက် ဖြေဆိုသူ(၃၄၇)ဦး၊ ပျက်ကွက် (၂၀)ရှိပြီး ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း