ကော့မှူးတွင်၂၀၂၆ -၂၀၂၇ ပညာသင်နှစ် Placement Test အထူးအစီအစဉ်ဖြင့် စာမေးပွဲဖြေဆို

ကော့မှူး ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်း ပြင်ပရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် Placement Test အထူးအစီအစဉ်ဖြင့် စာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၆၃) ဦး ဝင်ရောက်ဖြေဆိုနေကြကြောင်း သိရသည်။

အဆိုပါအရည်အချင်းစစ်စာမေးပွဲသို့ Grade -2 မှ Grade -8 အထိ စာရင်းရှိ ကျောင်းသား ၄၄ ဦး၊ ကျောင်းသူ ၂၂ ဦး စုစုပေါင်း (၆၆) ဦးရှိရာ ဖြေဆိုကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၂၂ ဦး၊ စုစု‌ပေါင်း ၆၃ ဦးဖြစ်ပြီး ပျက်ကွက်ကျောင်သား (၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းအောင်ထံမှ သိရသည်။

ကျော်သူရ